top of page

မေတ္တာဝေအာဟာရ

Babyလေးရဖို့ စိတ်ကူးနေလား။ သင်နှင့် သင့်လက်တွဲဖော် နှစ်ဦးလုံးအတွက် ကိုယ်ဝန်ရရှိရန် ကူညီပေးရုံသာမက သင့်ကလေးအား ဘဝတွင် အကျန်းမာဆုံးအစပြုနိုင်စေရန်အတွက် သင့်အတွက် အထူးပြင်ဆင်ထားသော ကိုယ်ဝန်မတိုင်မီအာဟာရ အကြံဉာဏ် နည်းလမ်းများဖြင့် ပံ့ပိုးပေးရန် ကျွန်မ ရှိနေပါသည်။

သင်၏ မွေးဖွားမှုဆိုင်ရာ အာဟာရ အကြံဉာဏ် ရယူဖို့ ယနေ့ ကြိုတင်စာရင်းသွင်းပါ။

"Early Life Nutrition Alliance (ELNA) ၏ဂုဏ်ယူဝမ်းမြောက်စွာအဖွဲ့ဝင်"

image_processing20241124-191166-1ooofep.jpg

 ဝေစန်းသီ 

မင်္ဂလာပါ၊ ကျွန်မ ဝေစန်းသီ ဖြစ်ပါတယ်။ ကျွန်မဟာ မျိုးပွားမှုဆိုင်ရာ အထူးပြုထားတဲ့ အာဟာရပညာရှင်တစ်ဦး ဖြစ်သလို၊ မိခင်တစ်ဦးလည်း ဖြစ်ပြီး ကိုယ်ဝန်ရဖို့ကြိုးစားတဲ့ ခရီးစဉ်ဟာ မည်မျှ လေးနက်ပီး သူများနှင့်မတူညီသည့် မိမိကိုယ်ပိုင်ခရီး ဖြစ်ကြောင်း နားလည်တဲ့လူတစ်ဦးလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဇာတိဖြစ်ပြီး ယခုအခါ သြစတြေးလျတွင် နေထိုင်လျက်ရှိပါတယ်။ ကျွန်မမှာ Accredited Practising Dietitian အဖြစ် အသိအမှတ်ပြုလက်မှတ်ရှိပြီး၊ ရောဂါရှည်လျားစွာဖြင့် နေထိုင်သူများအတွက် အာဟာရကုထုံးဖြင့် စောင့်လျောက်သည့်အတွေ့အကြုံလည်း ရှိပါတယ်။ ကျွန်မသည် ယဉ်ကျေးမှုနောက်ခံများစွာမှ တိုင်ပင်လာသူများကို ပံ့ပိုးဝန်ဆောင်မှုများပေးထားပြီး အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာလုံးဖြင့် တိုင်ပင်ဆွေးနွေးမှုများ ပေးနိုင်ပါတယ်။

ယခုအခါမှာတော့ သန္ဓေအောင်ရေးနှင့် အမျိုးသမီးကျန်းမာရေးအတွက် အာဟာရပညာပေးချင်းနှင့် ဆွေးနွေးကုသမှုကို အထူးပြုလုပ်နေပြီး၊ ကိုယ်ဝန်အတွက် ပြင်ဆင်နေသူ အမျိုးသမီးတစ်ဦးချင်းသာမက ဇနီးမောင်နှံများအားအတွက်  မိမိနှင့်ကိုက်ညီသော စားသောက်ပုံအပြင် မိမိရိုးရာဓလေ့စားသောက်မှုများအတွက်ပါထည့်သွင်းစဉ်းစားထားသော ​စောင့်ရှောက် မှုဖြင့် ကိုယ်ဝန်ရရန်အတွက် ပြင်ဆင်ရာတွင် ကူညီပေးသည်။ 

ကိုယ်ဝန်မတိုင်မီကာလအတွင်း အာဟာရမှန်ကန်မှုဟာ သင့်အနာဂတ်ကလေးငယ်အတွက် ကျန်းမာသောဘဝစတင်နိုင်ရေး အခြေခံကောင်းတစ်ခု ပေးနိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါဟာ မိဘနဲ့ကလေး နှစ်ဦးလုံးအတွက် ရေရှည်အကျိုးကျေးဇူးတွေလည်း ဖြစ်စေပါတယ်။

ကျွန်မက ဩစတြေးလျအပြင် နိုင်ငံတကာမှ ဆွေးနွေးတိုင်ပင်လာသူများအတွက်လည်း အဆင်ပြေသော တယ်လီဆွေးနွေးမှုဝန်ဆောင်မှု (telehealth consultations) ပေးနေပါတယ်။

ကျွန်မ၏ နောက်ခံအကြောင်းအရာနှင့် အရည်အချင်းများအကြောင်း  အသေးစိတ်ကို [ကျွန်မအကြောင်း] စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

  • Facebook
  • Instagram

မေတ္တာဝေအာဟာရ

📍 Australia အခြေစိုက် — Myitta Wai Nutrition သည် သြစတြေးလျနိုင်ငံအနှံနှင့် အပြည်ပြည်ဆိုင်ရာ (အမေရိကတိုက်များမှလွဲ၍) အင်တာနက်မှတဆင့် ဆွေးနွေးနိုင်သောအာဟာရဝန်ဆောင်မှုများကို ပေးဆောင်နေပါသည်။ 

လင့်ခ်များ-

 

🔒 ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒနှင့် ဥပဒေ

© 2025 မေတ္တာဝေအာဟာရ။ မူပိုင်ခွင့်ကိုလက်ဝယ်ထားသည်။ Wix မှ ပံ့ပိုးပေးသည်။

 

bottom of page